ဆေးရုံတစ်ရုံတွင်ဖြစ်သည်။ သဘာဝနည်းလမ်းအရ မီးမဖွားနိုင်သော အမျိုးသမီးကို ဗိုက်ခွဲမွေးရမည်ဖြစ်၍ အမျိုးသားဖြစ်သူအား ဆရာဝန်က လူနာမှတ်တမ်းတွင် သဘောတူကြောင်းလက်မှတ်ရေးထိုးခိုင်းသည်။ အမျိုးသားသည် လက်မှတ်ကို ချက်ချင်းမထိုးဘဲ ဘောပင်ကိုင်၍ ရပ်စောင့်နေလေသည်။ ဆရာဝန်က လူနာအရေးကြီးနေပြီဖြစ်၍ လက်မှတ်အမြန်ထိုးရန်ပြောသော်လည်းမရပေ။ ထို့ကြောင့် လူနာအားသွားပြောလေသည်။
ဆရာဝန်။ ။ ခင်ဗျားယောကျာ်းက လက်မှတ်မထိုးဘဲ ဘောပင်ကိုင်ပြီးရပ်စောင့်နေတယ်။
လူနာ။ ။ ကျွန်မဆီကို အမြန်ခေါ်လာခဲ့ပါ။
ဆရာဝန်လည်း ယောကျာ်းဖြစ်သူအားအမြန်သွားခေါ်လေသည်။ ယောကျာ်းသည် လက်မှတ်ထိုးရမည့်ဖိုင်အားကိုင်၍ ကုတင်ဘေးတွင်ရပ်လေသည်။
လူနာ။ ။ ရဲဘော်….အခုချက်ချင် အမြန်ဆုံးလက်မှတ်ထိုးပါ။ တာဝန်အရေးကြီးနေပြီ….ဒါပဲ။
ဟုပြောလေရာ ယေကျာ်းလည်း အမြန်ဆုံလက်မှတ်ထိုးပြီးထွက်သွားလေသည်။ ဆရာဝန်က သိလို၍မေးလေရာ
လူနာ။ ။ ကျွန်မယောကျာ်းက ရှေ့တန်းမှာတာဝန်ကျပြီးပြန်လာတာ မကြာသေးလို့ပါ။
ပေတူး
44
44