Home / Opinions

၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီရဲ့ ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

MyanmaPlatform 25-07-2020 14:13


75534881_2621472748102873_1843660593468025060_n.jpg

၂၀၂၀ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်ထောင်စု ကောင်းကျိုး ဆောင် (UBP)ပါတီအနေနဲ့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဘယ်လိုပြင်ဆင်ထားရှိလဲ၊ပြည်ထောင်စုကောင်းကျိုးဆောင်(UBP)ပါတီကနေဝင်ရောက်ကိုယ်စားပြုယှဉ်ပြိုင်ကြမည့်ကိုယ်စားလှယ်လောင်းများကိုဘယ်လိုရွေးချယ်ထားလဲဆိုတာနဲ့ပါတီရဲ့မူဝါဒတွေကဘယ်လိုရှိလဲဆိုတာပြည်သူများသိရှိနိုင်ရေးအတွက်မြန်မာ့ပလက်ဖောင်းကပြည် ထောင်စုကောင်းကျိုးဆောင်(UBP)ပါတီရဲ့ဉက္ကဌဖြစ်သူသူရဉီးရွှေမန်းနှင့်တွေ့ဆုံမေးမြန်းထားမှုများအားတင်ပြ လိုက်ရပါတယ်။

မေး။    ။ ပထမဆုံးသိချင်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်း ကျိုးဆောင် ပါတီအနေနဲ့ ဘာတွေ ပြင်ဆင်ထားပြီးပါပြီလဲ။ ဥက္ကဌကြီးတို့ ပါတီအဆင် သင့်ဖြစ်ပါပြီလား။

ဖြေ။    ။ အဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရပါတယ်။ ဒီပါတီရွေးကောက်ပွဲအောင်နိုင်ဖို့ဆို ရင် ပထမ ဒီပါတီကိုတည်ဆောက်ရပါတယ်။ပါတီတည်ဆောက်တဲ့အချိန်မှာပါတီရဲ့မူဝါဒတွေကိုပြန်ပြီးတော့လေ့လာသုံးသပ်ပြီးတော့ပြင်ဆင်ဖြည့်စွက်မှုတွေလည်းရှိပါတယ်။အဲဒီနောက်ပိုင်းလူတွေရွေးပါတယ်။ပြီးတော့ရွေးကောက်ပွဲအောင်နိုင်ဖို့အတွက်သိသင့်သိထိုက်တဲ့အချက်တွေ၊ဥပဒေတွေကိုလည်းဆွေးနွေးပြောကြားလျှက်ရှိပါတယ်။ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ အသင့်ဖြစ် နေပြီလို့ ပြောလို့ ရပါတယ်။

မေး။    ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကိုကော ဘယ်လို ရွေးချယ်ထားသလဲ။ ဘယ်လိုစံသတ်မှတ်ချက်တွေရှိမလဲဆိုတာလေးလည်း သိချင်ပါ တယ်။

ဖြေ။    ။ နံပတ်(၁) ကတော့ ကိုယ်စားလှယ်လောင်းတွေဟာ ဇာတိ ဒေသခံများဖြစ်ရ ပါမယ်။(၂) ကတော့ ဒီကိုယ်စားလှယ်လောင်းတွေကို ဒေသခံပြည်သူလူထုက လက်ခံ ယုံကြည်တဲ့သူတွေ ဖြစ်ရမယ်။ နံပတ်(၃) အချက်ကတော့ အဲဒီကိုယ်စားလှယ်လောင်း များဟာ စိတ်ကောင်းစေတနာရှိပြီး ရိုင်းပင်းကူညီစိတ်ရှိတဲ့လူတွေ ဖြစ်ရမယ်။ နံပတ်(၄) ကတော့ ဒေသအကျိုး၊ ရပ်ရွာအကျိုးကိုဆောင်ရွက်လိုသူတွေ ဖြစ်ရမယ်။ နံပတ်(၅) အချက်ကတော့ ပါတီရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်များကို လက်ခံယုံကြည်ပြီးတော့ အောင်မြင် အောင် အကောင်အထည်ဖော်နိုင်တဲ့လူမျိုးဖြစ်ရမယ်။ ဒီလို အကြမ်းဖျဉ်း သတ်မှတ်ထား ပါတယ်။

မေး။    ။တစ်ချို့ သောနိုင်ငံရေးပါတီများကတော့ ပါတီဝင်ဖြစ်မှပဲ ရွေးကောက်ပွဲကိုပြိုင် ခွင့်ပြုတာတွေရှိပါတယ်။ ဥက္ကဌကြီးတို့ပါတီမှာကော ဘယ်လိုမျိုးသတ်မှတ်ထား ပါ သလဲ။

ဖြေ။    ။ ဒီဟာသည်နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ရွေးချယ်တင် မြှောက်ပွဲ ဝင်နိုင်ခွင့်အခွင့်အရေးဟာ နိုင်ငံသားတိုင်းမှာ အခွင့်အရေးရှိပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့ပါတီက ဝင်ပြီးတော့ ပြိုင်ချင်တဲ့လူများဟာ ပါတီဝင်ပြီးတော့ ဆက်လက်ယှဉ်ပြိုင်ခွင့်ပြုပါတယ်။ လောလောဆယ် ပါတီဝင်မဟုတ်သည့်တိုင်အောင် ဒီမှာ ဝင်ရောက်ယှဉ်ပြိုင်လိုပါတယ် ဆိုတဲ့ နိုင်ငံသားများကို ပါတီက လက်ခံပြီးတော့ စာရင်းသွင်းပြီးတော့ ပါတီဝင်တစ်ယောက်အနေနဲ့ ဒီပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ပြု ထား ပါတယ်။

မေး။    ။ လက်ရှိအခု ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းထဲမှာ အရင်၂၀၁၀ တုန်းက အစိုးရအဖွဲ့ ဝင်ထဲက ဝန်ကြီးဟောင်းတွေ၊ ဥက္ကဌကြီးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဟောင်းတွေများ ပါဖို့ရှိပါသေးလားခင်ဗျာ။

ဖြေ။    ။ ဝန်ကြီးဟောင်းရယ်လို့တော့ မဟုတ်ပါဘူး။ အဲဒီတုန်းက ရင်းနှီးတယ်ဆိုတာ ထက် ယုံကြည်တဲ့ ပုဂ္ဂိုလ်များလည်းပါရှိမှာ ဖြစ်ပါတယ်။

images (6).jpg

မေး။    ။ ရွေးကောက်ပွဲကလည်း နိုဝင်ဘာ(၈) ရက်မှာကျင်းပတော့ မှာဆိုတော့ ရွေး ကောက်ပွဲ ကော်မရှင်က အစိုးရအဖွဲ့ ဝင်တွေ၊ဒုဝန်ကြီးတွေကိုလည်း မဲဆွယ်ခွင့်ပေး ထားတယ်ပေါ့။ လက်ရှိကိုဗစ်ကာလကြီးလည်း ဖြစ်နေတဲ့အခါကြတော့ ဥက္ကဌကြီးတို့ ပါတီအနေနဲ့ မဲဆွယ်တဲ့အခါရော ဘယ်လိုအခက်အခဲများ ရှိပါသေးလဲ ခင်ဗျာ။

ဖြေ။    ။ နိုင်ငံရေးဆိုတာတော့ လူစုလူဝေးနဲ့ လုပ်ရတာ။ လူအများနဲ့လုပ်ရတာ။မဲဆွယ် တယ်ဆိုတာလည်း လူအများစုကိုဆွယ်တာ ပိုပြီးကောင်းပါတယ်။ ဒါပေမယ့် ကိုဗစ် ကြောင့်ကန့်သတ်မှုတွေ ချုပ်ခြယ်ချက်တွေရှိတယ်။ ဒါတော့မတတ်နိုင်ပါဘူး။ ဒါသည် နိုင်ငံ အတွက် ပြည်သူ့အတွက် အကျိုးရှိမယ်ဆိုရင် မိမိတို့ကလည်း ဒါကို ထောက် ခံကြိုဆိုပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အကန့်သတ် တွေပဲ ဖြစ်ဖြစ်၊ မိမိတို့ရဲ့ စေတနာနဲ့ အရည်အချင်းပေါ်မူတည်ပြီးတော့ ဒီပါတီ ကိုပြည် သူတွေ ဘယ်လောက်ထိ စိတ်ဝင်စားတယ်ဆိုတာ ပေါ်မူတည်ပြီးတော့ ဒီနေ့ဖော်ပြ လျှက် ရှိပါတယ်။ အခက်ခဲဆိုတာ တို့များအတွက် စိန်ခေါ်မှုအခွင့်အလမ်းလို့ပဲ သဘော ထားပါတယ်။

မေး။    ။ဥက္ကဌကြီးတို့ပါတီက အရင်တုန်းက ကြေငြာချက်တစ်စောင်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲမဝင်သွားဘူးလို့ မှတ်သား မိပါ တယ်။ အခုရွေးကောက်ပွဲကလည်း စတော့မယ်ဆိုတော့ အရင်တိုင်း ပဲလား။ တိုင်းရင်းသားဒေသတွေမှာကော ရွေးကောက်ပွဲဝင်သွားမလား။ တစ်နိုင်ငံလုံးဝင်သွား မှာလား။ အဲဒါလေးလည်း သိပါရစေခင်ဗျာ။

ဖြေ။    ။မူကတော့ အပြောင်းအလဲမရှိပါဘူး။ တိုင်းရင်းသားဒေသတွေမှာ မိမိတို့ပါတီက သွားရောက်ပြီးတော့ ယှဉ်ပြိုင်ဖို့ မူလက ဆန္ဒမရှိဘူးလို့ မူအနေနဲ့ချမှတ်ထားတယ်။ သို့ ရာတွင် တိုင်းရင်းသားများက လာရောက်ပြီးတော့ သူတို့ဒေသမှာ လာပြီးယှဉ်ပြိုင်ပါ။ လာကူပါဆိုတဲ့အခါမှာ သူတို့နဲ့ အတူတကွယှဉ်ပြိုင်ဖို့ အတွက် သူတို့နဲ့ဆောင်ရွက် လျှက် ရှိပါတယ်။  ပူးပေါင်းတာမျိုးမဟုတ်ပါဘူး။ မိမိတို့ပါတီနာမည်နဲ့ မိမိတို့ပါတီအနေ နဲ့ ဒေသခံတိုင်းရင်းသားများနဲ့ ပေါင်းပြီးတဲ့အခါမှာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များ ရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မေး။    ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီသက်တမ်းအားဖြင့်နုနယ်သေး တယ်ဆိုပေမယ့် ပါတီမှာပါဝင်တဲ့သူတွေရဲ့ နိုင်ငံရေး အတွေ့အကြုံကတော့ ကြွယ်၀ ပြီးသားသူတွေဖြစ်မှာပါ။ ဥက္ကဌကြီးနဲ့ အတိုင်ပင်ခံနဲ့ကလည်း ကောင်းမွန်ရင်းနှီးတဲ့ ဆက် ဆံရေးလေးတွေ ရှိတဲ့အခါကြတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ UBP ပါတီနဲ့ NLD  ပါတီတို့က ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါသလား။ ရွေးကောက်ပွဲမှာ ဘယ်လိုများ ညှိနှိုင်း ဆောင်ရွက်သွားဖို့များရှိပါသလား။

ဖြေ။    ။နံပတ်(၁) အရေးကြီးတာက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မိမိတို့ပါတီ ထိုက်သင့်တဲ့ အောင်မြင်မှုရဖို့ ဖြစ်ပါတယ်။နံပတ်(၁)အဲဒါကိုကြိုးစားပါတယ်။နံပတ်(၂)ကတော့မိမိတို့အောင်မြင်လာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့ အစည်း၊ မည်သည့် ပုဂ္ဂိုလ်နဲ့မဆို နိုင်ငံအကျိုးအတွက်ဆိုရင် ပူးပေါင်း ဆောင်ရွက်မှာပါ။ ဒါကြောင့်မို့လို့ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ကျန်တဲ့ပါတီများ နဲ့လည်း ဒီလိုပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အတိုင်ပင်ခံလို ပဲ တိုင်းရင်းသားပါတီတွေနဲ့ မိမိတို့ ရင်းနှီးပါတယ်။ တစ်ယောက်ကိုတစ်ယောက်ယုံ ကြည်မှုရှိပါတယ်။ အခြားအခြားလည်း ဒါမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လူပုဂ္ဂိုလ် စွဲဆိုတာထက် နိုင်ငံအတွက် အကျိုးပြုမယ့် အကျိုးဖြစ်မယ့်ကိစ္စများအားလုံးစဉ်းစား ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။    ။ ရွေးကောက်ပွဲလည်းဝင်တော့မယ်ဆိုတော့ ပါတီရန်ပုံငွေပေါ့။ တခြားနိုင်ငံရေး ပါ တီတွေကတော့ သူတို့ရဲ့ ပါတီဝင်တွေကပဲ ထည့်ဝင်တဲ့ငွေကြေးတွေနဲ့ပဲ ပါတီရန်ပုံငွေ အဖြစ်သုံးစွဲနေကြတယ်လို့သိရပါတယ်။ ဥက္ကဌကြီးတို့ ပါတီအနေနဲ့ကကော ပါတီရန်ပုံ ငွေကို ဘယ်လိုများဆောင်ရွက်ထားပါသလဲ။

ဖြေ။    ။ ဟုတ်ပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP အနေနဲ့ ပါတီကို ဝင်မယ်ဆိုလို့ရှိရင် ပါတီဝင်ကြေးပေးစရာမလိုပါဘူး။ လစဉ်ကြေးလည်းပေးစရာမလိုပါ ဘူး။ ဘာကြောင့်လဲ ဒီနေ့တိုင်းပြည်မှာရှိတဲ့ ပြည်သူများရဲ့အခြေအနေကိုအားလုံးအကဲခတ်မိမှာပါ။စီးပွားရေးနဲ့ပတ်သက်လို့ငွေရေးကြေးရေးနဲ့ပတ်သက်လို့ပေါ့။ သို့ရာတွင် စေတနာပါပြီး စေတနာရှိတဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့ အစည်းမဆို မိမိတို့ပါတီ ကို လှူဒါန်းမယ်၊ ကူညီမယ်ဆို လက်ခံပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့မတည်ရင်းနှီးထား တဲ့ ငွေကြေးနဲ့ ပြည်သူများက ပါဝင်လှူဒါန်းတဲ့ကူညီတဲ့ငွေများကိုအသုံးပြုပြီးတော့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ သို့ရာတွင် ဥပဒေက သတ်မှတ်ခွင့်ပြုချက် မရှိတဲ့ နိုင်ငံခြားအဖွဲ့အစည်းများရဲ့ ကူညီမှုကိုတော့ လက်ခံမှာ မဟုတ်ပါဘူး။

မေး။    ။ပါတီကို ရံပုံငွေထည့်တဲ့ လူတွေများရှိပြီလားခင်ဗျာ။

ဖြေ။    ။ ရှိပါတယ်။ရှိပါတယ်။

မေး။    ။ သိခွင့်ရှိမလားခင်မျာ။

ဖြေ။    ။ဒီဟာကတော့ ဖော်ထုတ်ဖော်ပြစရာမလို မသင့်တဲ့အခြေအနေမို့လို့ ပြောစရာမ လိုသေးပါဘူး။

download (1).jpg

မေး။    ။ မဲဆန္ဒရှင်ပြည်သူတစ်ယောက်အနေနဲ့က ဥက္ကဌကြီးတို့ရဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ဘာကြောင့်မဲပေးသင့်တာလဲ။

ဖြေ။    ။ဟာဟုတ်တယ်။ အင်မတန်ကောင်းတဲ့ မေးခွန်းပဲ။ ဘာကြောင့်မဲပေးသင့်တာ လဲဆိုရင်တော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ကို ပြည်သူများမဲပေးမှ ပြည် သူများရွေးချယ်မှ ဒီနေ့တိုင်းပြည်အခြေအနေ ဒီထက်ပိုပြီးတိုးတက်ကောင်းမွန်လာမယ်။ အဲဒီအတိုင်းပဲ ပြည်သူပြည်သားများရဲ့ စီးပွားရေးအခြေအနေ၊ စားဝတ်နေရေးအခြေ အနေ၊ လူမှုရေးအခြေအနေဒီထက်ပိုပြီးကောင်းမွန်လာမယ်။ အဲဒီအတိုင်းပဲ ဒီနေ့ တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာအေးချမ်းရေးအပြင် တရားမျှတမှုငြိမ်းချမ်း ရေးဖြစ်စဉ်များ ဒီထက်ပိုပြီးကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ကို မလွဲဧကန်မဲပေးမှသာလျှင် နိုင်ငံ့အကျိုး၊ပြည်သူများ ရဲ့ အကျိုးဒီထက်ပိုပြီး ရရှိလာမှာဖြစ်တဲ့အတွက် ဒီပါတီကိုသာလျှင်ပြည်သူများ ရွေးချယ် မဲပေးကြပါ။ ပြောင်းလဲ မဲပေးကြပါလို့ပြောရမလိုတောင် ဖြစ်နေပါပြီ။

မေး။    ။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဥက္ကဌကြီးတို့ပါတီအနေနဲ့ ကိုယ်စားလှယ် လောင်း ဘယ်လောက်နဲ့ ပြိုင်သွားမလဲ ဆိုတာလေးလည်း သိပါရစေခင်ဗျာ။

ဖြေ။    ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ မြို့နယ်ပေါင်း ၂၅၅ မြို့နယ် ကျော်မှာ ကိုယ်စားလှယ်ပေါင်း ၉၀၀ကျော်နဲ့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ကိုယ်စားလှယ်တွေကတော့ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့ မဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအတွက် လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မေး။    ။ ဟုတ်ကဲ့။ ကော်မရှင်က ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကိုကျင်းပမယ်လို့ ကြော်ငြာတဲ့အတွက် တစ်ချို့သောနိုင်ငံရေးပါတီတွေကတော့လက်ရှိအနေအထားနဲ့ဆိုရင်တော့ရွေးကောက်ပွဲကိုနောက်ဆုတ်ပေးသင့်တယ်။နိုင်ငံရေးပါတီများအားလုံးညှိနှိုင်းဆွေးနွေးပြီးတော့ဖေဖော်ဝါရီလမှသာလုပ်သင့်တယ်လို့ပြောဆိုနေမှုတွေလည်း ရှိပါတယ်။ ဥက္ကကြီးကကော ဒါနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။    ။ အဲဒီတော့ အခြားပါတီ၊ အခြားအဖွဲ့ အစည်းတွေက သူတို့ရဲ့ ဆန္ဒ၊ သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ အယူအဆကိုလွတ်လပ်စွာပြောခွင့်ရှိတယ်။ ဥက္ကဌကြီးရဲ့ သဘောထားဆိုလို့ရှိရင်တော့ ဒီနေ့ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ရွေးကောက်ပွဲကျင်းပမှုပြုလုပ်တာ၊ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးတော့ ရွေး ကောက်ပွဲကျင်းပပြုလုပ်တာမှာ ဘာမှ စောဒက တက်စရာမရှိဘူး။ တစ်ခုပါပဲ။ သူများ တောင်လုပ်နိုင်သေးရင် တို့ဘာလို့ မလုပ်နိုင်ရမှာလဲ။ သူများတောင်ဆောင်ရွက်နိုင် သေးရင် တို့ဘာလို့ မဆောင်ရွက်နိုင်ရမှာလဲ။ ဒါတွေကိုသွားပြီးတော့ အထူး Complain  မလုပ်ပဲနဲ့ဖြစ်ပေါ်တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေး ကောက်ပွဲ တစ်ခုဖြစ်ရေးကို ရှေးရှုပြီးတော့ စောင့်ကြည့်ပြီးတော့ ဆက်လက်ထိန်းညှိ ပြီးဆောင်ရွက်သွားမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်လို့ပဲ ပြောချင်ပါတယ်။

မေး။    ။ ကျွန်တော်နောက်ဆုံးသိချင်တာကတော့ ၂၀၂၀မှာမဲပေးမယ့် လူတွေကို ဥက္က ဌကြီးဘာများပြောချင်ပါသလဲခင်ဗျ။

ဖြေ။    ။ ဟုတ်ပါပြီ။ ပထမဦးဆုံးပြောချင်တာက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးဖြစ် အောင် ပေးကြပါ။ ကိုယ့်ရဲ့ အခွင့်အရေး လုံးဝအဆုံးရှုံး အထိခိုက်မခံပါစေနဲ့။ ကိုယ် မဲမပေးဘူးဆိုရင် မဲပေးသွားတဲ့ လူတွေ ရွေးချယ်လိုက်တဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက် မှာ ခံနေရမယ်။ ကိုယ်မဲပေးတယ်ဆိုရင်တော့  ကိုယ်ရွေးချယ်လိုက်တဲ့ အစိုးရက ကိုယ့် ကို အုပ်ချုပ်မယ်။ ဒါကြောင့်မို့လို့ မဲလာပေးကြပါ။ ပြီးတဲ့အခါမှာ မဲပေးမယ့် ပြည်သူများ သိရှိဆောင်ရွက်ရန် သင့်တဲ့ အချက်ကတော့ ဒီမိုကရေစီပါ။ ဒီမိုကရေစီဆိုတဲ့ သဘော တရားက ပြည်သူလူထုက အစိုးရတစ်ရပ်ကိုရွေးချယ်ပေးလိုက်ရုံနဲ့ဒီမိုကရေစီဆိုတဲ့နိုင်ငံရေးသဘောတရားကမပြည့်စုံဘူး။ရွေးချယ်တင်မြှောက်လိုက်တဲ့ အဲဒီအစိုးရ ဟာ ပြည်သူများရဲ့ ဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်ဖို့ ပြည်သူများဘ၀ လုံခြုံဖို့၊ ပြည် သူများဘဝလွတ်လပ်ဖို့ ကိစ္စတွေကိုလုပ်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒါတွေ ဆောင်ရွက် နိုင်တော့မှပဲ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးသဘောတရားက ပြည့်စုံမှာ ဖြစ်တဲ့အတွက် ဒီနေ့ပြည်သူများအနေနဲ့ လာမယ့် ၂၀၂၀မှာ ရွေးချယ်မယ်ဆိုလို့ရှိရင် အစိုးရတစ်ရပ် ဖြစ်လာတဲ့အခါမှာ ဒီအစိုးရဟာ ဘယ်လောက်အထိတာဝန်ကျေနိုင်မယ့် အစိုးရလဲ။ ပြည် သူများနဲ့နိုင်ငံကို ဘယ်လောက်အထိပိုပြီးတိုးတက်အောင် ဆောင်ရွက်နိုင်မလဲဆို တာကို စဉ်းစားဆင်ခြင်ပြီး မဲပေးဖို့လိုပါတယ်။ အဲဒီတော့ တစ်ဆက်တည်းပဲ ဒီနေရာ မှာ  ပါတီကိုလည်းကြည့်ရမယ်။ ပြီးတဲ့အခါမှာခုဏတုန်းကရွေးကောက်ခံကိုယ်စားလှယ်ကိုလည်းကြည့်ရမယ်။ဒီအတိုင်းပဲပါတီခေါင်းဆောင်တွေလည်း ကြည့်ရမယ်။ ပါတီခေါင်း ဆောင်တွေဟာ ဘယ်လောက်အထိ စေတနာရှိလဲ။ ဘယ်လောက်အထိ အတွေ့ အကြုံ ရှိလဲ။ ဘယ်လောက်အထိအရည်အသွေးရှိလဲ ဆိုတာကို သူ့ရဲ့ သမိုင်းကြောင်း ကို ယှဉ်ကြည့်ပြီးတော့ ရွေးချယ်ခြင်းဟာ နိုင်ငံနဲ့ပြည်သူအတွက် များစွာအကျိုးရှိမှာ ဖြစ်တဲ့အတွက် အရွေးမှန်ဖို့ လိုပါတယ်။ အရွေးမှန်လို့ ထွက်ပေါ်လာတဲ့ အမှန်ရွေးခံရ တဲ့အစိုးရတစ်ရပ်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ အကျိုးစီးပွားကို မှန်မှန်ကန် ကန်ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒီနေ့ခုဏပြောတဲ့ အရည် အချင်းတွေ နဲ့ပြည့်စုံတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ခေါင်းဆောင်များ နှင့်အတူ ပါတီဝင်များအနေနဲ့  အတွေ့ အကြုံကောင်း ဘယ်လောက်ရှိသလဲ။ စေတနာ တွေ ဘယ်လောက်ကောင်းသလဲ။ အရည်အချင်းတွေ ဘယ်လောက်ရှိသလဲဆိုတာကို  ပြည်သူတွေ သိနားလည်ကြပါစေ။ တစ်ချို့လည်းနားလည်နေကြပြီလို့ ယုံကြည်ပါ ကြောင်းပြောကြားရင်းနဲ့ အခုလို ဆွေးနွေးခွင့်ရအောင် လာပေးတဲ့ မြန်မာ့ပလက်ဖောင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

 ဟုတ်ကဲ့ပါခင်ဗျာ။ အခုလို အချိန်ပေးပြီးဖြေကြားပေးတဲ့ ဥက္ကဌကြီးကိုလည်းကျွန်တော် တို့ မြန်မာ့ပလက်ဖောင်းမီဒီယာမှ အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။


comments
comment

    No reviews yet, come and grab the sofa!

Related suggestion