Home / Domestic

ကမ္ဘာ့လှည့်ဗီဇာနဲ့ နိုင်ငံခြားခရီးသွား ၆၀၀ ကျော် မြန်မာကို လာရောက်လည်ပတ်တယ်လို့ ဟိုတယ်/ခရီးပြော

MyanmaPlatform 22-06-2022 11:47

1200-11.jpgPhoto- ၂၀၂ဝပြည့်နှစ်ကမြန်မာကိုလာရောက်လည်ပတ်သည့် ကမ္ဘာ့လှည့်ခရီးသွားများ

ဇွန်လ ၂၃

ယခုနှစ် မေလ ကနေ ဇွန်လ ၁၉ ရက်နေ့အထိ ကာလအတွင်း ကမ္ဘာ့လှည့်ဗီဇာ Tourist Visa နဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ၆၀၀ ကျော်ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် မေလ ၂၀ရက်နေ့က Tourist Visa နဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို လာရောက်လည်ပတ်ခွင့် ပေးခဲ့ပြီး မေလ ၂၄ ရက်နေ့မှစတင်ကာ နိုင်ငံခြားခရီးသွားဧည့်သည်တွေဝင်ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။

မေလကနေ ဇွန်လ ၁၉ ရက်နေ့အထိ ကာလအတွင်း နိုင်ငံပေါင်း ၂၄ နိုင်ငံမှ Tourist Visa  နဲ့ လာရောက်လည်ပတ်သူ ၆၀၆ ဦး ရှိပြီး မေလအတွင်း နိုင်ငံခြားသား ၃၇ ဦး၊ ဇွန် ၁၉ ရက်နေ့အထိ ၅၆၉ ဦးလာရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကာလတွေအတွင်း Business Visa ဖြင့် လာရောက်သူ ၅၈၄၄ ဦးနဲ့ အခြား ၂၇၁၉ ဦးရှိပြီး ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ အရှေ့တောင်အာရှ နှင့် အာရှနိုင်ငံတို့မှ လာရောက်မှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အခြားနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ နယူးဇီလန်နှင့်အိုင်ယာလန်နိုင်ငံတို့မှလည်း လာရောက်လည်ပတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ဖို့ Online e-Visa (Business) လျှောက်ထားမှုကို ၂၀၂၂ ခုနှစ် ဧပြီ ၁ရက်က စတင် ပြန်လည်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာလေကြောင်းလိုင်း(Commercial Flight) ကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင် ပြန်လည်ဆင်းသက်ခွင့်ပေးခဲ့ကြောင်း သိရပါတယ်။

comments
comment

    No reviews yet, come and grab the sofa!

Related suggestion
    Wonderful picture