ဇွန်လ ၃၀
ရန်ကုန်မှာအမျိုးသမီးဝတ်ဘရာစီယာ၊အတွင်းခံဘောင်းဘီ နှင့် ဆံပင်တု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေကို လုပ်ကိုင်ခွင့်ပြုလိုက်ပြီလို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရင်း နှီးမြှုပ်နှံမှုကော်မတီ၏ ၆/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းသုံးခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခု တို့ကို အတည်ပြုပေးပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ CMP စနစ်ဖြင့် ဆံပင်တု အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ အမျိုးသမီးဝတ် ဘရာစီယာ၊ အတွင်းခံ ဘောင်းဘီ နှင့် ၎င်းတို့၏ ဆက်စပ်ပစ္စည်း အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း တို့ဖြစ် တယ်လို့ဆိုပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ်ငွေ ၄၄၄၁ ဒသမ ၄၇၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၉ သန်းဖြစ်ပြီး လုပ်ငန်းစုစုပေါင်း ခြောက်ခုတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၃၃၇၃ ဦးတို့အတွက်ဖန်တီး ပေးနိုင် မှာလို့လည်းဆိုပါတယ်။
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃ ခု ရဲ့ နာမည်လေးတွေသိခွင့်ရှိမလားဗျ
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃ ခု ရဲ့ နာမည်လေးတွေသိခွင့်ရှိမလားဗျ
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၃ ခု ရဲ့ နာမည်လေးတွေသိခွင့်ရှိမလားဗျ