Home / Domestic

၇၅နှစ်မြောက်အာဇာနည်နေ့အတွက် ဗိုလ်ချုပ်ပြတိုက်၂ခုမှာပြုလုပ်မယ့်အထူးပြပွဲ ကိုအွန်လိုင်းမှာစာရင်းသွင်းပြီးလေ့လာနိုင်

MyanmaPlatform 06-07-2022 06:45


292058375_185735410550162_4043293890390222744_n.png

ဇူလိုင်၆

ဗိုလ်ချုပ်အောက်ဆန်းပြတိုက်(ရန်ကုန်)နဲ့ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့မှာ ဇူလိုင်၁၉ရက်ကနေ၂၁ရက်အထိ၇၅နှစ်မြောက်အာဇာနည်နေ့အထူးပြပွဲကိုပြုလုပ်သွားမှာဖြစ်ပြီး လေ့လာလိုသူများအနေနဲ့အွန်လိုင်းကနေတဆင့်စာရင်းသွင်းမှတ်ပုံတင်ကာလာရောက်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၂ခုကိုလေ့လာလိုသူများအွန်လိုင်းမှတ်ပုံတင်ရန်အသိပေးထုတ်ပြန်မှုကို ဗိုလ်ချုပ်ပြတိုက်အထူးပြပွဲကျင်းပရေးကော်မတီကနေ အသိပေးသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အာဇာနည်နေ့ကစတက်တဲ့၃ရက်ကြာအထူးပြပွဲကို သွားရောက်လေ့လာမယ့်သူတွေဟာ /ကိုဝင်ရောက်စာရင်းကြိုတင်ပေးသွင်းကာလေ့လာနိုင်မယ်လို့ဆိုပါတယ်။

" onlineကတစ်ဆင့်ကြိုတင်စာရင်းသွင်းလျှောက်ထားပြီးလာရင်တော့ သီးခြားဝင်ပေါက်ကတစ်ဆင့် အချိန်ကြန့်ကြာမှုမရှိဘဲဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်"လို့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အထူးပြပွဲကျင်းပရေးမှတာဝန်ရှိသူကပြောပါတယ်။

၇၅နှစ်မြောက်အာဇာနည်နေ့အထိမ်းမှတ် ဗိုလ်ချုပ်ပြတိုက်နဲ့ဗိုလ်ချုပ်နေအိမ်ပြတိုက်အထူးပြပွဲတွေကို ယခင်နှစ်တွေအတိုင်းအခမဲ့ဝင်ရောက်လေ့လာခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။

MS


comments
comment

    No reviews yet, come and grab the sofa!

Related suggestion
    Wonderful picture