Home / Domestic

နေပြည်တော်မှာ ကိုဗစ်တွေ့တာများလာလို့ ဝန်ကြီးဌာနအချို့ ရုံးတက်ချိန်ပုံစံများပြောင်းလဲညွှန်ကြားထား

MyanmaPlatform 14-09-2022 16:13

 

304899649_643717063750040_2938825376592118376_n.jpg

စက်တင်ဘာ၁၄

ကျန်းမာရေးဝန်ကြီးဌာနရဲ့ကိုဗစ်ရောဂါပိုးတွေ့ရှိမှုအများဆုံး တိုင်းနဲ့ပြည်နယ်တွေကို ထုတ်ပြန်ထားချက်အရ ယခုရက်ပိုင်းအတွင်း ရန်ကုန်ကမြို့နယ်တွေအပြင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွေမှာ အများဆုံးဖြစ်ပွားတာတွေ့နေရလို့ ရောဂါပိုးကူးစက်တာရှိနေတဲ့ နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှာ ရုံးတက်ချိန်ပုံစံများပြောင်းလဲညွှန်ကြားထာတယ်လို့သိရပါတယ်။

နေပြည်တော်က ဝန်ကြီးဌာနဖြစ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာန ဝန်ထမ်းများ ကိုဗစ်ကြောင့် (၂) ပတ်ရုံးတက်ကာ(၂) ပတ် နေအိမ်မှရုံးလုပ်ငန်း လုပ်ဆောင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားထားတယ်လို့ဆိုပါတယ်။

အဆိုပါရုံးတက်ချိန်ပုံစံပြောင်းလဲခြင်းမှာ စက်တင်ဘာ ၁၂ ရက်မှစတင်ကာ အလှည့်ကျစနစ်ဖြင့် တစ်လလျင် ၂ ပတ်ရုံးတက်ပြီး ၂ ပတ်အားနေအိမ်တွင်နေ ထိုင်ကာ ရုံးလုပ်ငန်းများဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ်။

ဩဂုတ်လကုန်ကစပြီးကိုဗစ်(၁၉) ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများလာရာပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်း ၄၈ ဦးမှာ ရောဂါပိုးတွေ့ရှိရတာကြောင့်ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ ပုဗ္ဗသီရိမြို့နယ်ဆေးရုံကုတင်-၃၀၀မှာဆးကုသမှုခံယူနေရတာတွေလည်းရှိနေတာကြောင့် ရောဂါဖြစ်ပွားမှုနှုန်းလျော့နည်းစေဖို့နဲ့ဌာနအလိုက်လုပ်ငန်းတာဝန်များအား ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် အသိပေးထုတ်ပြန်ခဲ့တာလို့သိရပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ကိုဗစ်ကြောင့်ရုံးတက်ချိန်ပုံစံပြောင်းလဲရာမှာ လက်ထောက်ညွှန်ကြားရေးမှူးနဲ့လက်အောက်ဝန်ထမ်းများသာပါဝင်ပြီးဒုတိယညွှန်ကြားရေးမှူးနဲ့အထက်အဆင့်ဝန်ထမ်းများအနေနဲ့ ရုံးချိန်ပြောင်းလဲမှုမရှိပဲ နေ့စဉ်ရုံးတက်ရမှာဖြစ်ကြောင်းသိရပါတယ်။

အလုပ်၂ပတ်ဆင်း ၂ပတ်အိမ်မှာနေဖို့ညွှန်ကြားချက်အရ ဝန်ထမ်းများအနေနဲ့ခရီးသွားလာခွင့်မပြုကြောင်းအချက်အလက်များလည်းပါဝင်နေပြီး အသိပေးထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ မိမိတို့နေထိုင်တဲ့ အဝန်းအဝိုင်းနဲ့တိုင်း/ပြည်နယ်များကို ကျော်လွန်သွားလာကြောင်း တွေ့ရှိပါက သွားရောက်တဲ့ဝန်ထမ်း၊ခရီးသွားလာကြောင်းသိလျက်ဖုံးကွယ်ပေးသူနဲ့အကာအကွယ် ပေးသူတို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့အညီ ပြစ်မှုအပေါ် မူတည်ကာထိရောက်စွာအရေးယူသွားမည်မယ်လို့သိရပါတယ်။


comments
comment

    No reviews yet, come and grab the sofa!

Related suggestion
    Wonderful picture