မြန်မာ့ပလက်ဖောင်းအွန်လိုင်းမီဒီယာလုပ်ငန်းကို၂၀၁၇ခုနှစ်ဇန်နဝါရီလတွင် လွတ်လပ်သောသတင်း အယ်ဒီတာများ၊စာရေးဆရာများ၊သတင်းထောက်များနှင့် စတင်တည်ထောင်ခဲ့ပြီးမီဒီယာနည်းပညာအထောက်အကူများနှင့်ပေါင်းစည်းကာတီထွင်ဆန်းသစ်သောအွန်လိုင်းမီဒီယာဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေဖြင့်ဆောင်ရွက်လျှက်ရှိပါသည်။မြန်မာနိုင်ငံ၏သတင်းများသာမကတစ်ကမ္ဘာလုံးဆိုင်ရာသတင်းအချက်အလက်များ၊လူမှုဘဝနှင့်ဖျော်ဖြေရေးကဏ္ဍများကိုနေ့စဉ်တင်ဆက်ပေးလျှက်ရှိပြီး အင်တာနက်မှတဆင့်အွန်လိုင်းကြည့်ရှုသူသန်းပေါင်းများစွာသောပရိတ်သတ်များနှင့်အောင်မြင်လျှက်ရှိပါသည်။

အဓိကရည်ရွယ်ချက်မှာ-

  • ပြည်တွင်းသာမကပြည်ပနိုင်ငံများသို့ရောက်ရှိနေထိုင်နေကြသောမြန်မာနိုင်ငံသားများအတွက်ပါရည်ရွယ်ပြီးပြည်တွင်း၊ပြည်ပသတင်းများကို မြန်မာဘာသာဖြင့် တင်ဆက်ပေးနေသောထင်ရှားကျော်ကြားသည့်မြန်မာ့အသံကိုယ်စားပြုအွန်လိုင်းမီဒီယာတစ်ခုဖြစ်လာစေရန်။ 

  • နေ့စဉ်နှင့်အမျှ‌တိုးတက်ပြောင်းလဲနေသော ခေတ်တွင်မိမိတို့၏လူနေမှုဘဝများ၊ လူမှုပတ်ဝန်းကျင်၊ အလုပ်အကိုင် အခွင့်အလန်းနှင့်စီးပွားရေးကဏ္ဍများ ခေတ်နှင့် အညီလိုက်လျောညီထွေဖြစ်စေရေးအတွက်အထောက် အကူပြုသတင်းအချက်အလက်များ၊အသိပညာနှင့်သုတ၊ရသဖန်တီးမှုများဖြင့် ဖြည့်ဆည်းတင်ဆက်ပေး နေသောအကျိုးပြုအွန်လိုင်းမီဒီယာတစ်ခုအဖြစ် ဝန်ဆောင်မှုပေးရန်။

မြန်မာ့ပလက်ဖောင်းအွန်လိုင်းမီဒီယာ၏ဝန်ဆောင်မှုများမှာ-

တစ်ရက်အတွင်းကြည့်ရှုသူပေါင်း၂၀၀၀၀ကျော်ခန့်ရှိသောမြန်မာ့ပလက်ဖောင်း Website ( www.myanmaplatform.com  ) သည်မြန်မာနှင့်ကမ္ဘာတစ်ဝှမ်းမှနောက်ဆုံးရ သတင်းများသာမကအလှအပ၊ဖက်ရှင်၊အနုပညာ၊အားကစား၊ကျန်းမာရေးနှင့်လူမှုဘဝအစရှိသောဖျော်ဖြေရေးကဏ္ဍသတင်းများ၊ဆောင်းပါးများ၊ဗီဒီယိုများကိုအချိန်နှင့် တပြေးညီစီစဉ်တင်ဆက်ပေးလျှက်ရှိပါသည်။ထိုအစီအစဉ်များကို Website တွင်သာမကမိမိတို့၏ဖုန်းများတွင် application ကို download ( Websiteမှသော်လည်းကောင်း Google Play Storeမှသော်လည်းကောင်း) ရယူထားပါကအချိန်နေရာမ‌ရွေးအင်တာနက်ချိတ်ဆက်မှုရရုံဖြင့်မိမိတို့၏ဖုန်းများကိုအသုံးပြု၍လွယ်ကူစွာကြည့်ရှုနိုင်ပါသည်။ထို့အပြင်ကြည့်ရှုသူပေါင်း၂.၈သန်းခန့်ရှိသောမြန်မာ့ပလက်ဖောင်း၏ FacebookPage နှင့်ပုံမှန်ကြည့်ရှုသူသုံးသိန်းခွဲခန့်ရှိသော YouTube တို့တွင်လည်း မြန်မာ့ပလက်ဖောင်း၏အွန်လိုင်းမီဒီယာအစီအစဉ်များကိုချိတ်ဆက်၍အချိန်နှင့်တပြေးညီစီစဉ်တင်ဆက်ပေးလျှက်ရှိပါသဖြင့်မိမိတို့စိတ်ကြိုက်မီဒီယာပလက်ဖောင်းများကို ရွေးချယ်အသုံးပြုနိုင်အောင်ဝန်ဆောင်မှုများပေးထားပါသည်။

အစီအစဉ်တင်ဆက်မှုအချိန်များမှာ-

  • ပြည်တွင်း၊ ပြည်ပသတင်းများ၊နောက်ဆုံးရသတင်းများ၊သတင်းထုတ်ပြန်ချက်များ၊စီးပွားရေး၊ကျန်းမာရေး၊ ရုပ်ရှင် (Press Release, Trailer, Preview, Red Carpet Show)နှင့်အနုပညာ၊လူမှုဘဝစသောသတင်း၊ ဆောင်းပါးများကိုနေ့စဉ် နံနက်၇နာရီ မှ ည၁၁နာရီ ခွဲအထိ မိနစ်၃၀ ခြားတစ်ကြိမ်အချိန်နှင့်တပြေးညီ မြန်မာ့ပလက်ဖောင်း၏အွန်လိုင်းမီဒီယာပလက်ဖောင်းများမှစီစဉ်တင်ဆက်ပေးလျှက်ရှိပါသည်။

  • ဗွီဒီယိုတင်ဆက်မှုများအနေဖြင့်လည်းနိုင်ငံတကာနှင့်ပြည်တွင်းမှနောက်ဆုံးရသတင်းများ၊အောင်မြင်ကျော်ကြားသူများနှင့်၎င်းတို့နှင့်တွေ့ဆုံခန်းများအကြောင်းကို နေ့စဉ် ရိုက်ကူးတင်ဆက်ပေးလျှက်ရှိပါသည်။

  • ဖျော်ဖြေရေးကဏ္ဍအနေဖြင့်အားကစားဝါသနာရှင်များအတွက်ဘောလုံး၊လက်‌‌‌‌‌ဝှေ့၊ဝူရှူးအစရှိသောနိုင်ငံတကာမှလူကြိုက်များသည့်အားကစားသတင်းများ၊ထင်မြင်ချက်များ နှင့်အားကစားသမားများနှင့်တွေ့ဆုံခန်းများကိုတစ်ပတ်လျှင်လေးကြိမ်ပုံမှန်အစီအစဉ်အနေဖြင့်မြန်မာ့ပလက်ဖောင်း၏အွန်လိုင်းမီဒီယာ ပလက်ဖောင်းများမှစီစဉ်တင်ဆက် ပေးလျှက်ရှိပါသည်။

  • ထို့အပြင်အပတ်စဉ်အနေဖြင့်ကျန်းမာရေး၊အလှအပ၊ဖက်ရှင်၊လူမှုဘဝ၊ကမ္ဘာတစ်ဝှမ်းထူးခြားဆန်းပြားအကြောင်းအရာများ၊အနုပညာရှင်များ၏လူမှုဘဝနှင့် ယုံကြည်ရာများ၊‌ဗေဒင်၊‌‌ဗောဓိအလင်းနှင့်အခြားသော သုတ ၊ရသအစီအစဉ်များကိုမြန်မာ့ပလက်ဖောင်း၏အွန်လိုင်းကြည့်ရှုသူပရိတ်သတ်များအတွက် ဖျော်ဖြေရေး ကဏ္ဍအနေဖြင့် အကောင်းဆုံးစီစဉ်တင်ဆက်ပေးလျှက်ရှိပါသည်။